Thursday, January 21, 2010

မိုးရွာတဲ့ဆောင်း

ဝင်လာတဲ့ဆောင်းလေက နွေးထွေးလွန်းတယ်။အေးစက်စက် အပြုံးနဲ့ ပြုံးပြနေတဲ့သူက သိမ်မွေ့ငြင်သာမှုတော့ရှိပါရဲ့။ကိုယ်တိုင်က ပူလောင်နေခဲ့လေတော့ ဆောင်းလေရဲ့ အအေးဓါတ်က တိုက်ရိုက်မထိမှန်ဘူး။အခါတိုင်းဆိုရင် နံရံကိုထွင်းဖောက်လာတဲ့ဆောင်းက ကြမ်းလွန်းတော့ နံရံတွေ ပြိုကွဲ ခြုံလွှမ်းထားတဲ့ စောင်တွေက အထပ်လိုက်ကွာကျ။ဆောင်းရဲ့ အရသာကို ဘယ်လိုခံစားရပါ့။အွန်လိုင်းပေါ်ကကောင်လေးရေ မင်းနေကောင်းအောင်နေပါ။ဘာမှမဖြစ်ပေမယ့် ငါစိုးရိမ်တက်နေပြီ။ငါ့ကိုယ်ငါ ဘယ်လိုစိုးရိမ်ရမှန်းမသိဘူး။ ငါ့ရဲ့ တောင်တန်းမြို့လေးလည်း အရမ်းခိုက်ခိုက်တုန်နေမှာ သေချာတယ်။

Friday, January 8, 2010

2010 မှာ နူပျိုအောင်ဘယ်လို နေမလဲ

1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့
အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ
ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးရှင်...။
ဒါကြောင့်လဲ ဆရာဝန်တွေကို များများ ပေးရတာပေါ့လေ..

2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး
ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း
ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။

ပြာသို လပြည့် အမှတ်တရ

ရွာတုန်းက ရွာယဉ်ကျေးမှုအရ ခံတွင်းမတွေ့။ မြို့ရောက်ပြန်တော့ မြို့ယဉ်ကျေးမှုနဲ့ အစဉ်မပြေ။အင်း ...ဒီလိုနဲ့ နိုင်ငံခြားကို သွားချင်တဲ့စိတ်က အဓမ္မကြီးကို ဖိအားပေးနေပြန်တော့ နိုင်ငံခြားဆိုတာကြီးကို သွားဖို့ အကြောင်းက ကြုံလာပြန်တယ်။အမေရယ် ဘယ်သွားသွား ဘာလုပ်လုပ် သမီး ဘာကိုမှ ခံတွင်းမတွေ့သေးဘူး။

သမီ်းကို မွေးခဲ့တဲ့ ဒီဇင်ဘာ ပြန်တွေးကြည့်ပြန်တော့ အင်း လူတွေ တော်တော် ပျော်ကြတာပဲ။ကျမလည်း ပျော်ပါတယ်။လွတ်လပ်ပေါ့ပါး နေကြတယ်လေ။အွန်လိုင်းပေါ်ကကောင်လေးကို အပြင်မှာ နှင်းတွေ ပိတ်နေတာပဲ အေးလွန်းလို့လက်တွေ ကပ်နေတယ်စာတောင်မရိုက်နိုင်ဘူးလို့ပြောတော့နှင်းတွေ ကျနေတာသူ ကြည့်ချင်လိုက်တာဆိုပဲ။ဒီလို ညမျိုးမှာ အမေလည်း သမီးကို သတိရနေမှာ သေချာတယ်။ဘာစားစား ဘာသောက်သောက် ခံတွင်းမတွေ့လို့ စိတ်ညစ်ညစ်နဲ့ ကော်ဖီတစ်ခွပ်ပြီး တစ်ခွပ်သောက်ပစ်လိုက်တယ်။ အမေသိရင် ပြောမှာ သေချာတယ်။ကော်ဖီတွေ တအားမသောက်နဲ့ ကျန်းမာရေး နဲ့ မညီညွတ်ဘူးလို့ ဒေါတ်တာ တွေ ပြောတယ် ဆိုတဲ့ အမေ့ရဲ့ အသာယာဆုံး စိုးရိမ်တဲ့ အသံ ကြားယောင်မိပြန်တယ်။ အမေရယ် ဘယ်သူ့ကိုမှ သမီးအပြစ်မတင်ချင်တော့ပါဘူး။သမီးအကြောင်း အမေသိနေတာပဲ။ သမီးရဲ့ ဘေးမှာ အမေရှိနေတယ်ဆိုတာ သမီးသိလို့ ဘယ်သွားသွား ဘာလုပ်လုပ် ဘာကိုမှ သမီးမကြောက်ဘူးအမေ။ ကျမ်တို့ ရွာ တောင်သူတွေ ရကြမှာပါ။

အချစ်ငှက်ငယ်+ ဂရေဟမ်

မောင်လေးပေးတဲ့လက်ဆောင်

မောင်လေးပေးတဲ့ ပန်းစည်းလေး


မောင်လေးပေးတဲ့ ပန်းစည်းလေး

Wednesday, January 6, 2010

ကျေးဇူးတင်လွှာ...

ဒီဘလော့ လေးကို ၆.၁. ၂၀၁၀ မှာ စတင်တည်ထောင်ခဲ့ပါတယ်...
စာရေးချင်တဲ့ စိတ်တွေကများပြားနေပေမဲ့ ဘ၀ အတွက် ရုန်းကန်လှုပ်ရှားနေ
ရတာ ကြောင့် စာတွေမရေးဖြစ်တာကြာပါပြီ...

Tuesday, January 5, 2010

ချစ်သော...မေမေ သို့

အမေ...ရေလို့တမ်းတမ်းတတ ခေါ်လိုက်ချင်ပေမဲ့ အနေဝေးနေတဲ့
သမီးတစ်ယောက်အဖို့တော့ဆန္ဒ့ တစ်ခုပေါ့အမေရယ်....
လောကကြီးမှာ ပုခုံးလက်နှဆစ်..
ခြေဖ၀ါး လက်နှစ်သစ်နဲ့ အရွယ်ရောက်တဲ့အထိ ပညာတွေသင်ပေ့းပြီး
ဘ၀လှေကိုလှော်ခတ်ဖို့ အားအင်တွေအပြည့်နဲ့သမီးတစ်ယောက်ကို
မွေးထုတ်ပေးလိုက်တဲ့မေမေ...
နေကောင်းလို့ကျန်းမာစေကြောင်း..
အဝေးတစ်နေရာမှ ဆုမွန်ကောင်းတောင်းလိုက်တယ်အမေ...