Friday, January 8, 2010

ပြာသို လပြည့် အမှတ်တရ

ရွာတုန်းက ရွာယဉ်ကျေးမှုအရ ခံတွင်းမတွေ့။ မြို့ရောက်ပြန်တော့ မြို့ယဉ်ကျေးမှုနဲ့ အစဉ်မပြေ။အင်း ...ဒီလိုနဲ့ နိုင်ငံခြားကို သွားချင်တဲ့စိတ်က အဓမ္မကြီးကို ဖိအားပေးနေပြန်တော့ နိုင်ငံခြားဆိုတာကြီးကို သွားဖို့ အကြောင်းက ကြုံလာပြန်တယ်။အမေရယ် ဘယ်သွားသွား ဘာလုပ်လုပ် သမီး ဘာကိုမှ ခံတွင်းမတွေ့သေးဘူး။

သမီ်းကို မွေးခဲ့တဲ့ ဒီဇင်ဘာ ပြန်တွေးကြည့်ပြန်တော့ အင်း လူတွေ တော်တော် ပျော်ကြတာပဲ။ကျမလည်း ပျော်ပါတယ်။လွတ်လပ်ပေါ့ပါး နေကြတယ်လေ။အွန်လိုင်းပေါ်ကကောင်လေးကို အပြင်မှာ နှင်းတွေ ပိတ်နေတာပဲ အေးလွန်းလို့လက်တွေ ကပ်နေတယ်စာတောင်မရိုက်နိုင်ဘူးလို့ပြောတော့နှင်းတွေ ကျနေတာသူ ကြည့်ချင်လိုက်တာဆိုပဲ။ဒီလို ညမျိုးမှာ အမေလည်း သမီးကို သတိရနေမှာ သေချာတယ်။ဘာစားစား ဘာသောက်သောက် ခံတွင်းမတွေ့လို့ စိတ်ညစ်ညစ်နဲ့ ကော်ဖီတစ်ခွပ်ပြီး တစ်ခွပ်သောက်ပစ်လိုက်တယ်။ အမေသိရင် ပြောမှာ သေချာတယ်။ကော်ဖီတွေ တအားမသောက်နဲ့ ကျန်းမာရေး နဲ့ မညီညွတ်ဘူးလို့ ဒေါတ်တာ တွေ ပြောတယ် ဆိုတဲ့ အမေ့ရဲ့ အသာယာဆုံး စိုးရိမ်တဲ့ အသံ ကြားယောင်မိပြန်တယ်။ အမေရယ် ဘယ်သူ့ကိုမှ သမီးအပြစ်မတင်ချင်တော့ပါဘူး။သမီးအကြောင်း အမေသိနေတာပဲ။ သမီးရဲ့ ဘေးမှာ အမေရှိနေတယ်ဆိုတာ သမီးသိလို့ ဘယ်သွားသွား ဘာလုပ်လုပ် ဘာကိုမှ သမီးမကြောက်ဘူးအမေ။ ကျမ်တို့ ရွာ တောင်သူတွေ ရကြမှာပါ။

မိုး........... အပြစ်မရှိတဲ့ မိုးကို သမီးမပြောတော့ပါဘူး။တောင်သူ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရွာမှာ အလှူအတန်းက မပျက်ဘူးမလားအမေရယ်။ဒါဆို ကျမ်တို့ မြန်မာလူမျိုးတွေ ငတ်မသေနိုင်ပါဘူး။ ပညာတက်မထွန်းကားတဲ့ ရွာငယ်လေးမှာ ရှင်သန်ရတာ ဂုဏ်ယူစရာကောင်းတယ် အမေရဲ့။ ဘာကြောင့်လဲဆိုတာတော့ သမီးလည်း မသိဘူး။အမေ့လိုပဲ ခပ် အ အ လေး နေပစ်လိုက်မယ်။ဒီနေ့ ဘာနေ့လည်း အမေသိလား။အမေက သမီးထက်ပိုသိပါတယ်။သား သမီးတွေ အများကြီး တစ်ဦးတစ်ယောက်များ ထွန်းပေါက်မလားဆိုပြီး စိုက်ပျိုးခဲ့တဲ့ အမေ့ နဲ့ အဖေတို့ရဲ့ မျက်လုံးတွေမှာ အဖေ တို့ အမေတို့ ရဲ့ လက်ဖဝါးပြင်မှာ သက်သေတွေ ရှိနေတာပဲ အမေ ရယ်။သိပ်ပြီး သတိရတာပဲ ။ကျန်ခဲ့တဲ့ သူတွေ သတိရ မရဆိုတာ သမီးမသိဘူး။သမီးကတော့ ဒီ ပြာသိုလပြည့်နေ့က သမီးကို တစ်သတ်လုံး သတိရစေခဲ့မယ်ဆိုတာ သိတယ်။

အမေရယ်...ဒီလောက်နှစ်သက်စရာကောင်းတဲ့ လပြာသိုလ်မှာ သမီးဘာလို့ အားလုံးကို အမှတ်ရစေခဲ့တာပါလိမ့်။ရွာကလူတွေလဲ သမီးကို ကောင်းကောင်းမှတ်မိကြမှာပါ။အမေသမီးကို မျှော်ရင်း ပျော်နေမယ်ဆိုတာ သမီးထင်နေတယ်။ချမ်းအေးလွန်းတဲ့ ဆောင်းည ရဲ့ နာတာရှည်အရသာတွေ နဲ့အတူ အမေတို့ ပျော်ရွှင်နေပါစေ။အိမ်ရှေ့က ရေနွေးကြမ်းဝိုင်းလေးမှာ စကားကျယ်ကျယ် ပြောတက်တဲ့ ဦးကြီးက သမီ်းအကြောင်းပြောနေလိမ့်မယ်။ဘာမှ မပြောဘဲ ဟိုဟို ဒီဒီ ငေးနေတက်တဲ့ စကားနဲတဲ့ အကိုတစ်ယောက်ကတော့ တွေးနေမှာသေချာတယ်။ငါညီမ ဘာတွေ လုပ်နေပါလိမ့်။ နေရောင်ခြည် ရဲ့ နွေးထွေးမှု ၊ လရောင် ရဲ့ အေးမြမှုနဲ့ နဲ နဲဝေးနေတာတော့ သေချာတယ်။အခမ်းကျဉ်းလေးထဲက အသက်ရှူသံ ခပ်ပြင်းပြင်းလေးများကိုနားမဆင်ချင်ပါနဲ့ရှင်။

အားလုံး ကောင်းကြပါတယ်။ဘယ်သွားသွား မိတ်ဆွေ သူငယ်ချင်းတွေက သိပ်ပြီး ကောင်းကြပါတယ်။အိပ်မက်က မက်ထားပြီးမှတော့ အကောင်အထည် မဖေါ်နိုင်ရင် သမီးအရှုံးပေးရာ ရောက်မှာပေါ့။်အမေ နဲ့ ညီမလေး တို့ ကောင်းကောင်းနာလည်မှာပါ။ ဟောဒီ ပြာသိုလ်ပြည့်နေ့ မှာ မန္တာလေးက UFL (KOREA)ကျူတာဆရာမနဲ့ ခံတွင်းမတွေ့မိတာလေးတွေ ဖွင့်အန်ခဲ့ဘူးတယ်။ အစာမကြေတိုင်း အန်ရတာ များလွန်းတော့ ရင်ဘက်တွေ အောင့်အောင့်လာတယ်။ဒီည တော့အမေ့ရွာက အမေအိမ်လေးမှာ အမေ နဲ့ ရွာကို သတိရရင်း နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ ကျမ်ရဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေ ဘော်ဒါတွေ အတွက် ပြာသိုလ်လပြည့်ည တမ်းချင်း နဲ့အတူ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းပေးရင်းနှစ်သစ်ကို နွေးထွေးစွာကြိုဆိုလိုက်ပါတယ်...။

0 comments:

Post a Comment